နောက်သို့

Super Dry Gloss Top Coat

 
(68 မဲပေးပါ)
  • ခြောက်သွေ့လွယ်တယ်။
  • တောက်ပြောင်တဲ့အသွင်အပြင်ကိုရရှိစေတယ်။
  • လက်သဲခြေသဲအရောင်ဝါကျင်ခြင်းကို ကာကွယ်ပေးတဲ့ ဖော်မြူလာနဲ့ ထုတ်လုပ်ထားတယ်။
  • တိရစ္ဆာန်ထွက်ပစ္စည်းများမပါရှိပါ။
 

ဝမ်း၊ တူး၊ ဒရိုင်း!!! Super Dry Gloss Top Coat လေးက သင့်အကြိုက်နှစ်သက်ဆုံးလက်သည်းနီ အရောင်လေးတွေအတွက်သာမကပဲ စက္ကန့်ပိုင်းအတွင်း လက်သည်းခြေသည်းအလှအနုပညာဖန်တီးမှု အတွက်ပါ အထောက်အကူပြုမယ့် ပစ္စည်းကောင်းလေးပါ။ နူးညံ့တောက်ပြောင်တဲ့အသွင်ကို ပေးစွမ်း နိုင်တဲ့အတွက် လက်သည်းခြေသည်းလေးတွေကို ကောင်းစွာဖုံးအုပ်ကာကွယ်ပေးနိုင်ပါတယ်။ လက် သည်းခြေသည်းအရောင် ၀ါကျင်ခြင်းမရှိစေတဲ့ ဖော်မြူလာနဲ့ ထုတ်လုပ်ထားတဲ့အတွက်လည်း ဘယ် လို လက်သည်းနီအမျိုးအစားမျိုးကိုမဆို အရောင်တောက်ပမှုအားကောင်းစေပြီး ကြာရှည်ခံစေပါတယ်။ သူရှိနေရုံနဲ့ လက်သည်းခြေသည်းအလှပြင်ဆင်မှုမှာ အရောင်ပျံ့လွင့်ခြင်း၊ စွန်းထင်းခြင်းမျိုး မရှိတော့ ဘူးပေါ့။

Beauty Tip

အရောင်ဆိုးထားတဲ့ လက်သည်းခြေသည်းအလှပေါ် ခြစ်ရာစင်းရာမထင်စေဖို့ ကာကွယ်ပေးတဲ့ Top Coat မပါဝင်ပဲ ပြီးပြည့်စုံတဲ့ လက်သည်းအလှပြင်ဆင်ခြယ်သမှုတစ်ခု မဖြစ်နိုင်ပါဘူး။ ဒီ Super Dry Gloss Top Coat လေးက သင့်လက်သည်းခြေသည်းအလှကို ကာကွယ်ပေးနိုင်တဲ့အပြင် ဆိုးထားတဲ့ လက်သည်းနီကို နဂိုထက် ပိုမိုလွယ်ကူစွာ ခြောက်သွေ့စေမယ့်အပြင် အရောင်ထွက်အားကိုလည်း ပိုမို တောက်ပစေပါတယ်။ CATRICE ICONAILS Gel Lacquer လက်သည်းနီအမျိုးအစားထဲက အရောင်ဖျော့ဖျော့ လေးတွေ ဆိုးပြီးတဲ့အခါ ဒီ Super Dry Gloss Top Coat လေးအပေါ်က ထပ်ဆိုးလိုက်မယ်ဆို သူ့မှာ ပါဝင်တဲ့ လက်သည်းခြေသည်းအရောင်တွေ ၀ါကျင်ခြင်းမရှိစေတဲ့ဖော်မြူလာကြောင့် အရောင်လွင့်ပျံ့ ခြင်းမှ ကာကွယ်ပေးသလို အရောင်ထွက်အားကိုလည်း ပိုမိုတောက်ပစေနိုင်ပါတယ်။

68 Votes

INGREDIENTS:
ETHYL ACETATE, BUTYL ACETATE, ISOPROPYL ALCOHOL, NITROCELLULOSE, DISILOXANE, ACETYL TRIETHYL CITRATE, SUCROSE BENZOATE, ACRYLATES COPOLYMER, DIMETHICONE, ACRYLATES/DIMETHICONE COPOLYMER, MEK, CI 60725 (VIOLET 2).

တိရစ္ဆာန်ထွက်ပစ္စည်းများမပါရှိပါ။

Super Dry Gloss Top Coat reduces the drying time of all nail polishes, boosts shine and extends the lastingness.

အကြံပြုထောက်ခံထားသော ထုတ်ကုန်ပစ္စည်း။

မျက်နှာနှင့်ဆိုင်သောအလှကုန်များ

Allround Concealer

010 

မျက်နှာနှင့်ဆိုင်သောအလှကုန်များ

All Matt Shine Control Make Up

002 N Neutral Ivory