နောက်သို့

LuxChrome Nail Powder Kit

01 Effect Overlaod
LuxChrome Nail Powder Kit 01 Effect Overlaod
(15 မဲပေးပါ)
  • လက်သဲပေါင်ဒါ ၃မျိုး
  • တောက်ပြောင်လှပကြွရွတဲ့အာနိသင်အပြည့်ပါဝင်တယ်။
  • LuxChrome 2in1 Base & Top Coat နဲ့ တွဲဖက်အသုံးပြုနိုင်တယ်။
  • တိရစ္ဆာန်ထွက်ပစ္စည်းများမပါရှိပါ။
01 Effect Overlaod
LuxChrome Nail Powder Kit 01 Effect Overlaod

ဒီထုတ်ကုန်ပစ္စည်းကို မရရှိနိုင်တော့ပါ။

ဘက်ပေါင်းစုံက ရုပ်လုံးကြွလှပနေစေမယ့် Chrome, Holo နဲ့ Shimmering အလှတရားတွေဟာ လက်သည်းခြေသည်းတွေအတွက်လည်း ပေါ်ထွက်လာခဲ့ပါပြီ။ ICONails Gel Lacquers လက်သည်း နီလေးတွေဆိုးပြီးတဲ့အခါ ဒီ Nail Powder လေးတွေကို ထပ်ဆင့်အသုံးပြုလိုက်မယ်ဆို သင့်အတွက် တမူထူးခြားပြီး ခမ်းနားလှပတဲ့ လက်သည်းခြေသည်းအလှအပကိုပါ ပိုင်ဆိုင်နိုင်ပြီပေါ့။ ပေါင်ဒါအရောင် တစ်မျိုးချင်းစီကို သင်ခြယ်သထားတဲ့ သင့်စိတ်ကြိုက်လက်သည်းနီအရောင်ပေါ် ဖုံးအုပ်လိုက်ပါ။ တခြားပုံမှန် လက်သည်းခြေသည်းအလှထက် ထူးခြားနေမှာ အသေအချာပါပဲ။ အေးမြတဲ့အရောင် အမျိုးအစား ၃ မျိုးထုတ်လုပ်ပေးထားပြီး ဘယ်အချိန်ကြည့်ကြည့် တမူထူးခြားနေမှာပါ။ သူ့ချည်းသက် သက်အသုံးပြုနိုင်သလို နှစ်သက်ရာလက်သည်းနီအမျိုးအစားနဲ့လည်း တွဲဖက်သုံးနိုင်ပါတယ်။ အဲ့လို ခြယ်သပြီးတဲ့အခါမှ LuxChrome 2in1 Base & Top Coat လေး ထပ်သုံးပေးလိုက်မယ်ဆို အလှဆင် ထားတဲ့ လက်သည်းနီအရည်အသွေးရော ကြာရှည်ခံမှုကိုပါ ပိုမိုမြင့်တက်စေမှာပါ။

Beauty Tip

အဆုံးအစမဲ့ ဖန်တီးလိုက်ပါ။ Nail Powder အရောင် ၃ မျိုးစလုံးကို သူ့ချည်းသက်သက် တစ်မျိုးတည်း အသုံးပြုနိုင်သလို တခြားနှစ်သက်ရာတစ်ခုခုနဲ့လည်း တွဲဖက်သုံးနိုင်ပါတယ်။ ICONails Gel Lacquers လက်သည်းနီလေးတွေနဲ့တော့ အလိုက်ဖက်ဆုံးပေါ့။ ပေါင်ဒါမှုန်လေးတွေကို သင့်ရဲ့ လက်သည်းခြေ သည်းပေါ် ညင်သာစွာ ပွတ်တိုက်ပေးလိုက်ပါ။ သင့်လက်သည်းခြေသည်းလေးတွေ အချိန်ခဏတာ အတွင်းမှာပဲ အံ့မခန်းလှပသွားပါလိမ့်မယ်။ ပိုပြီးသေသပ်လှပချင်ရင်တော့ ဘရှပ်ရှ် ဒါမှမဟုတ် ပုံစံပြား တစ်ခုခုကို အသုံးပြုပါ။ သင့်ကို စိတ်ကျေနပ်စေမယ့် အံ့မခန်းရလဒ်ကို တွေ့မြင်ရပါလိမ့်မယ်။

15 Votes

INGREDIENTS:
SILVER CHROME EFFECT POWDER
CALCIUM ALUMINUM BOROSILICATE, TIN OXIDE, CI 77820 (SILVER).

HOLO EFFECT POWDER
ACRYLIC ACID, CI 77000 (ALUMINUM POWDER)

SHIMMER EFFECT POWDER
CALCIUM ALUMINUM BOROSILICATE, TIN OXIDE, CI 77891 (TITANIUM DIOXIDE)

တိရစ္ဆာန်ထွက်ပစ္စည်းများမပါရှိပါ။

အကြံပြုထောက်ခံထားသော ထုတ်ကုန်ပစ္စည်း။