
GOLD Effect Nail Polish

[Unicode]
Glitterနည်းနည်းနှင့် ထင်ရှားပေါ်လွင့်တဲ့ လက်သည်းလေးတွေရမယ်ဆို ဘယ်လိုလဲ? အာနိသင်အသစ်နှင့်ထုတ်လုပ်လိုက်တဲ့ လက်သည်းနီက လတ်တလောရွှေရောင်trendနှင့်တော့ အကိုက်ပါပဲ။ ဖက်ရှင်လောကမှာရော အိမ်အတွင်းပိုင်းအပြင်အဆင်တွေမှာပါ ခေတ်စားနေတာတော့ အမှန်ပဲနော်။ luxuryဆန်တဲ့ shimmerအရောင် ၈ရောင်ကို ရရှိနိုင်ပြီး လက်သည်းနီအရောင်နှင့် shimmer အရောင် အတူတူ ဒါမှမဟုတ် ရွှေရောင်ကိုမှ အရောင်တွေအများကြီးနှင့် ရောစပ်ထားတာမျိုး အစရှိသဖြင့် မတူညီတဲ့ အာနိသင်၂မျိုးကိုတွေ့ရမှာပါ။ အရောင်တိုင်းက အလင်းပြန်စေတဲ့ အမှုန်လေးတွေနှင့်အတူ အပြောင်ကာလာလေးတွေ ဖြစ်ပါတယ်။ လက်သည်းဆိုးရတာ လွယ်ကူစေမယ့် fan brushပါဝင်သလို ၊ ၂ထပ်လောက်ဆိုးလိုက်တာနှင့် coverageအပိတ်ဖြစ်သွားမှာဖြစ်ပါတယ်။
[Zawgyi]