TUTORIAL: CUSTOMIZE

CATRICE က အသစ်ထွက်ရှိထားတဲ့ Prime and Fine Make Up Transformer Drops လေးနဲ့အတူ ပျိုမေတိုင်းရဲ့ အသားအရောင်တိုင်းနဲ့ လိုက်ဖက်တဲ့ ဖောင်ဒေးရှင်းအရောင်ကို လွယ်ကူလျင်မြန်စွာ ပြောင်းလဲနိုင်ပါပြီ။

အလိုက်ဖက်ဆုံးမိတ်ကပ်အရောင်ကို ရွေးချယ်ဖို့ ခက်ခဲနေပါသလား? ပျိုမေတို့အတွက် အသားအရေတိုင်းနဲ့ လိုက်ဖက်ညီတဲ့ ဖောင်ဒေးရှင်းအရောင်ကို ရရှိနိုင်ဖို့အတွက်  Prime and Fine Make Up Transformer Drops လေးနဲ့အတူ ဘယ်ဖောင်ဒေးရှင်းကိုမဆို ပြောင်းလဲပစ်လို့ရပါပြီ။

ကိုယ်ဝယ်ယူမိလိုက်တဲ့ ဖောင်ဒေးရှင်းအရောင်က ကိုယ့်အသားအရေထက် ညိုနေမယ် ဆို အရောင်ဖျော့တဲ့ Transformer Drops လေးနဲ့ ရောလိုက်ရုံပါဘဲ။

Transformer Drops ကို ကိုယ့်အသားအရောင်နဲ့ အကိုက်ညီဆုံးဖြစ်တဲ့ ဖောင်ဒေးရှင်း အရောင်အမျိုးမျိုးကို လိုအပ်သလို ပြောင်းလဲပစ်လို့ရသလို Highlighting နဲ့ Contouring လုပ်ဖို့အတွက်လည်း သင့်တော်သလို ရောစပ်အသုံးပြုနိုင်ပါတယ်။ 

ပျိုမေတို့တစ်ဦးချင်းစီရဲ့ အသားအရောင်အလိုက် လိုအပ်တဲ့ မိတ်ကပ်အရောင်အသွေး ရရှိဖို့အတွက် အောက်ပါအဆင့်တွေကို လေ့လာကြည့်လိုက်ရအောင်နော်။

Step 1

ဖောင်ဒေးရှင်းအရောင်ကို စမ်းသပ်ပါ။

ကိုယ့်အသားအရောင်နဲ့ အကိုက်ညီဆုံး ဖောင်ဒေးရှင်းအရောင်ကို ရရှိဖို့အတွက် ကိုယ်ဝယ်ယူလိုတဲ့ ဖောင်ဒေးရှင်းကို ပထမဦးဆုံးအနေနဲ့ မေးရိုးတစ်လျှောက်နဲ့ လည်ပင်းမှာ စမ်းသပ်လိမ်းခြယ်ကြည့်ပါ။ ဒီနှစ်နေရာက ကိုယ့်အသားအရောင်နဲ့ အလိုက်ဖက်ဆုံး ဖောင်ဒေးရှင်းအရောင်ကို ရွေးချယ်နိုင်ဖို့အတွက် အထောက်အကူ အပြုဆုံးအစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။ 

ဖောင်ဒေးရှင်းအနေနဲ့ 24h Made to Stay Make Up ကို စမ်းသုံးကြည့်ပါ။ သူ့မှာ ရေစိုခံတဲ့ အာနိသင်ပါဝင်တယ်။ ကတ္တီပါသားလေးလို အထိအတွေ့နဲ့အတူ အပြစ် အနာအဆာမရှိတဲ့ ချောမွေ့တဲ့အသားအရေ၊ အဆီပြန်ခြင်းကင်းဝေးတဲ့အသားအရေ ကို မလွဲမသွေရရှိစေပြီး တကယ့်ကိုနူးညံ့ဝင်းမွတ်တဲ့ မျက်နှာအလှကို ပေးစွမ်းနိုင်မှာပါ။ 

Step 2

မိတ်ကပ်အရောင်ကို ကိုယ့်စိတ်ကြိုက်ပြောင်းလဲပစ်ပါ။

တကယ်လို့ မိတ်ကပ်အရောင်က အရမ်းညိုမှောင်နေမယ်ဆို အရောင်ပြန်ဖျော့သွားဖို့အတွက် Prime and Fine Transformer Drops Lightening ကို သုံးပေးပါ။  လက်ထဲကို ကိုယ်လိမ်းမယ့် မိတ်ကပ်ပမာဏကို ထည့်ပြီးမှ  Transformer Drops အနည်းငယ်ကို ဖြည်းဖြည်းချင်းရောစပ်ပါ။ ပြီးတဲ့အခါမှ Multitalent Brush ကို အသုံးပြုပြီး မျက်နှာအနှံ့ စိမ့်ဝင်အောင် လိမ်းခြယ်ပေးပါ။ 

တကယ်လို့ မိတ်ကပ်အရောင်က အရမ်းဖြူဖျော့နေမယ်ဆိုရင်တော့ လွယ်ပါတယ်။ Prime and Fine Transformer Drops Darkening ကို သုံးပေးပါ။ စောစောကလိုပါပဲ။ လက်ထဲကို ကိုယ်လိမ်းမယ့် မိတ်ကပ်ပမာဏကို ထည့်ပြီးမှ  Transformer Drops အနည်းငယ်ကို ဖြည်းဖြည်းချင်းရောစပ်ပါ။ ပြီးတဲ့အခါမှ Multitalent Brush ကို အသုံးပြုပြီး မျက်နှာအနှံ့ စိမ့်ဝင်အောင် လိမ်းခြယ်ပေးပါ။  

Step 3

Highlights အဖြစ် အသုံးပြုခြင်း

တကယ်တော့ Transformer Drops ဟာ ဘက်စုံအသုံးပြုနိုင်တဲ့ ပစ္စည်းတစ်ခုဖြစ်လို့ မိတ်ကပ်အရောင်မှန်ကန်အောင် ရောစပ်အသုံးပြုတာမျိုးအပြင် Highlighting နဲ့ Contouring အတွက်ပါ အသုံးပြုနိုင်ပါတယ်။ တစ်ဦးချင်းစီရဲ့ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို အသားအရောင် အမျိုးမျိုးနဲ့ အလိုက်ဖက်ဆုံး၊ အပေါ်လွင်ဆုံးဖြစ်အောင် ခြယ်သနိုင်ပါတယ်။

ပထမဦးဆုံးအနေနဲ့ Highlights အဖြစ် အသုံးပြုမယ်ဆို လက်ဖမိုးပေါ်ကိုPrime and Fine Transformer Drops Lightening အနည်းငယ်ညှစ်ထုတ်ထားပြီးမှ Make Up Blending Sponge ကို အသုံးပြုပြီး ပါးရိုးတစ်လျှောက် လိမ်းခြယ်ပေးပါ။

Step 4

Contouring အဖြစ် အသုံးပြုခြင်း

ပြီးပြည့်စုံတဲ့ မျက်နှာအသွင်အပြင်ကို ရရှိစေဖို့အတွက် Prime and Fine Transformer Drops Darkening ကို Contouring အဖြစ် အသုံးပြုပါ။ စောစောကလိုဘဲ Drops အနည်းငယ်ကို လက်ဖမိုးပေါ် ညှစ်ထုတ်ထားပြီးမှ Make Up Blending Sponge ကို အသုံးပြုပြီး ပါးရိုးအောက်တစ်လျှောက်ကနေ နားထင်ဘေးတစ်ဖက်တစ်ချက်စီကို အပေါ်ဘက် ပင့်ပြီး လိမ်းခြယ်ပေးပါ။