နှုတ်ခမ်းနှင့်ဆိုင်သော အလှကုန်များ

နှုတ်ခမ်းနှင့်ဆိုင်သော အလှကုန်များ

Shimmer ဖျော့ဖျော့ ဒါမှမဟုတ် Matt အရောင်ဆိုးထားတဲ့ နှုတ်ခမ်း ထူထူပြည့်ပြည့်လေးတွေက Makeu-up Look တိုင်းကို ပြီးပြည့်စုံစေပါတယ်.. ဒါကြောင့်မလို့ Lip Gloss, Lipstick, Lip Plumber နှင့် Lip Care Productsတွေက Spring / Summer 2019 ကာလသစ်အတွက်တော့ အံကိုက်ပါပဲ .. ထူထဲလှပတဲ့ နှုတ်ခမ်းတွေက အမှန်တကယ်ကို လိုအပ်ပါတယ်.. အုန်းသီးနှင့် ပြုလုပ်ထားတဲ့ Lip Coconut Balmဟာဆိုရင် အုန်းသီးနံ့မွှေးမွှေးလေးကလည်း စွဲဆောင်မှုရှိစေတယ်.. အဲ့အပြင် နှုတ်ခမ်းသားကိုလည်း အစိုဓာတ်အများအပြားရရှိစေတယ်.. The Volumizing Lip Soufflesဟာဆိုရင် .. Shimmer ပန်းရောင်ဖျော့ဖျော့လေး နှုတ်ခမ်းမှာ စွဲမြဲစေတဲ့အပြင် .. နှုတ်ခမ်းထူထူထဲထဲလေးပါရရှိစေပါတယ်.. The Sheer Beautifying Lip Balmsဟာဆိုရင် .. Shimmer ဖျော့ဖျော့လေးကို ထင်စေပါတယ်.. အမျိုးအစားအသစ်ဖြစ်တဲ့ The Generation Plump & Shine Lip Glossဟာဆိုရင် .. နှုတ်ခမ်းကို သိသိသာသာထူထူထဲထဲဖြစ်စေတဲ့အပြင် .. အရောင်ထင်းထင်းလေး ရရှိစေပါတယ်.. အဲ့ဒီထက်ပိုမိုပြီးမှ နှုတ်ခမ်းကို သာမာန်ထက်ပိုမိုထူးကဲပြီး ဂရုစိုက်သူတွေအတွက် The Powder Plumping Gel Lipsticksတွေဟာလည်း ရာသီအသစ်မှာ နှုတ်ခမ်းနီအမျိုးအစားအသစ်တစ်ခုအနေနှင့် ပါဝင်လာခဲ့ပါပြီ .. .. တည်ငြိမ်တဲ့အရောင်တွေပါဝင်သလို လင်းလက်တဲ့ပန်းရောင်နှင့် ခရမ်းရောင် အစရှိတဲ့အရောင်ဆန်းလေးတွေကိုပါ ထည့်သွင်းထုတ်လုပ်ထားပါတယ်.. Matt ကိုမှ စွဲစွဲမြဲမြဲနှစ်သက်အားပေးတဲ့သူတွေအတွက်ကိုလည်း Coverage ထူထူလေးပေးစွမ်းနိုင်တဲ့အပြင်.. နငတ်ခမ်းသားကို ကတီပါသားလေးလို ချောမွတ်စေမှာဖြစ်တဲ့ .. Rosewood အရောင်နှင့် Nude အရောင်တွေအပြင် Metallic အပြောင် ၂ရောင်ကိုပါ ရရှိနိုင်မှာဖြစ်တဲ့ The Generation Matt Comfortable Liquid Lipsticksတွေရှိပါသေးတယ်..