
Glam & Doll False Lashes Mascara Waterproof

Glam & Doll False Lashes Mascara Waterproof
အထူထဲအရှည်လျားဆုံးမျက်တောင်လေးများ။ အနက်မှောင်ဆုံးအရောင်အသွေး၊ ရေစိုခံသတ္တိနဲ့အတူ ကွေးနိုင် ဆန့်နိုင်တဲ့ Elastomer Brush လေးနဲ့ ဒီမျက်တောင်ကော့ဆေးလေးဟာ တကယ့်ကိုပြီးပြည့်စုံတဲ့ မျက်တောင် အလှကို ရရှိစေမှာပါ။ နာမည်ကျော်ကြားတဲ့ Glam & Doll Mascara အမျိုးအစားတို့ထုံးစံအတိုင်း ဒီမျက်တောင် ကော့ဆေးလေးဟာ အသေသပ်ဆုံး၊ အပေါ်လွင်ဆုံးနဲ့ တကယ့်အကောင်းဆုံးမျက်တောင်အလှလေးကို ရရှိစေ မှာပါ။
Beauty Tip
မျက်တောင်ကော့ဆေးအသုံးမပြုမီ မျက်တောင်ကော့တံလေးနဲ့ မျက်တောင်လေးတွေကို ညင်သာစွာ ကော့ ညွှတ်ပေးလိုက်ပါ။ တကယ်လို့ သင့်အနေနဲ့မှန်တစ်ချပ်ကို မျက်လုံးနဲ့တပြေးတည်း မထားဘဲ မျက်တောင်ကော့ ဆေးကို အသုံးပြုပေးမယ်ဆို မျက်တောင်အရင်းမကျန် တပြေးတည်းလှပညီညာအောင် ခြယ်သလို့ လွယ်ကူ လွန်းမှာပါ။ မျက်တောင်တုတပ်ထားသလို ထူထဲလှပနက်မှောင်တဲ့ မျက်တောင်အလှကို ရရှိစေမှာ မလွဲမသွေပါ ပဲ။ မျက်တောင်ရင်းကနေ Zigzag ပုံစံ ခြယ်သပေးမယ်ဆို မျက်တောင်တစ်မျှင်ချင်းစီကို အထူထဲအနက်မှောင် ဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံးအလှကို ရရှိစေမှာပါ။