
True Skin Mineral Loose Powder
True Skinမိသားစုဝင်အသစ်။ မကြာသေးခင်ကမှ ကောင်တာတွေမှာ True Skin Hydrating Foundation နှင့် the True Skin High Cover Concealer အပြင် True Skin Mineral Loose Powderကိုပါ ထပ်တိုးလိုက်ပါပြီ။ တအားကိုနူးညံ့ပြီး၊ အထက်တန်းစားပိုးသားပေါင်ဒါကို ၅၂% သဘာဝတွင်းထွက်သတ္တုပါဝင်ပစ္စည်းများပါဝင်သောကြောင့် အသားအရေနှင့် တစ်ထပ်တည်းဖြစ်စေပြီး သဘာဝဆန်ဆန်လေးနဲ့ အဆီပြန်ခြင်းကင်းဝေးစေပါတယ်။ ဖန်ပေါ်မှာဆိုရင် အရောင်ရေးရေးလေးပါဝင်ပြီး အသားအရေပေါ်မှာတော့ အရောင်မပေါ်ပါဘူး၊ သူချည်းပဲဖြစ်စေ ၊ Foundationအပေါ်ကဖြစ်စေ သုံးလို့ရပါတယ်။ Soft-focus effectကို ဖန်တီးပေးပါတယ်။ ဒီပေါင်ဒါထဲမှာ အစိုဓာတ်ပေးနိုင်တဲ့ ဟိုင်ရာလူရွန်နစ်အက်ဆစ်လည်း ပါဝင်ပြီး ဆီလီကွန်နှင့် အဆီ မပါဝင်ပါ။
Beauty Tip
ပေါင်ဒါကို full faceမိတ်ကပ်လိမ်းမှ နောက်ဆုံးအနေနဲ့ လိမ်းရမယ်ဆိုပြီး တသမတ်တည်းမရှိပါဘူး။loose powderကို foundationမပါဘဲလည်း နူးညံ့ပြီးအဆီထိန်းတဲ့lookလိမ်းတဲ့အခါမှာလည်း အသုံးပြုနိုင်ပါတယ်။ မနက်ခင်းအလှပြင်တဲ့အခါမှာဖြစ်ဖြစ် သွားရင်းလာရင်း touch-upလုပ်ချင်တဲ့အခါမှာပဲ ဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။ အလှည့်အပြုလုပ်လို့ရတဲ့ ကွာလတီအကောင်းစား ဖန်ဗူးခွံထဲမှ အကန့်လေးကြောင့် အဖွင့်အပိတ်ကို ကောင်းကောင်းလုပ်လို့ရပါတယ်။ ဒါကြောင့် တန်ဖိုးရှိတဲ့ပေါင်ဒါမှုန့်တွေကို မှန်ကန်တဲ့အသုံးပြုမှုနဲ့ အလေအလွင့်မဖြစ်အောင် ထုတ်ယူနိုင်မှာဖြစ်ပါတယ်။
Transparent mattifying loose powder