မျက်နှာနှင့်ဆိုင်သောအလှကုန်များ

မျက်နှာနှင့်ဆိုင်သောအလှကုန်များ

ပြီးပြည့်စုံတဲ့ အောက်ခံမှ လန်းဆန်းတက်ကြွပြီး ချို့ယွင်းချက်မရှိတဲ့အသွင်အပြင် သို့ Glowချင်တဲ့ သူတွေအတွက် ဒီပစ္စည်းအသစ်တွေက ဘယ်တုန်းကမှစိတ်ဆန္ဒပြည့်ဝမှုမရှိတာကို ဖြည့်ဆည်းပေးလိုက်ပါပြီ။ The Ten!sational 10 in 1 Dream Primer က ကြာရှည်ခံတဲ့ မိတ်ကပ်lookအတွက် -အပြည့်အဝဘက်စုံစွမ်းရည်ရှိတဲ့ အကောင်းဆုံးအခြေခံ အဖြစ်ထောက်ပံ့ပေးပါတယ်။ပေါ့ပါးတဲ့ အထိအတွေ့က အသားအရေကို မိတ်ကပ်လိမ်းတဲ့အခါပိုမိုကောင်းအောင်ပြင်ဆင်ပေးလို့ အသားအရေကိုနူးညံ့စေပြီး အသားအရေပုံမှန်မဟုတ်ခြင်းကိုထိန်းညှိပေးပါတယ်။ချွေးပေါက်တွေကို ကျဉ်းစေပြီးအရေးကြောင်းတွေကို သိသိသာသာလျော့ချပေးပြီး အသားအရေကို အစိုဓာတ်ဖြည့်ပေးလို့ သဘာဝဆန်ဆန်စိုစိုပြောင်ပြောင်လေးဖြစ်စေပါတယ်။LumiNICE Glow Palettes က ပိုမိုလန်းဆန်းတက်ကြွပြီး sun-kissed, glowy အသွင်အပြင်အတွက်မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ပါတယ်။သူတို့ဟာဆိုရင် မျက်နှာပေါ်မှာအသက်ရှူမှားလောက်အောင်အလက်လက်လေးတွေကို ဖန်တီးပေးရုံသာမက သူရဲ့ ထူးခြားတဲ့ပုံစံက make-up table တိုင်းကို အလှတိုးစေပါတယ်။Highlighter နှစ်ကွက်၊ ပါးနီ(သို့) Bronzer တစ်ကွက်ပါဝင်ပြီး မှန်လေးပါထည့်သွင်းထားတာကြောင့် ဒီ paper palette လေးက သယ်ဆောင်သွားဖို့အတွက်လဲ အကောင်းဆုံးဖြစ်ပါတယ်။နောက်ထပ်အနေနဲ့ CLEAN ID range အသစ်မှာပါတဲ့  Mineral Bronzer and a Mineral Swirl Highlighter က ရင်ခုန်သံမြန်အောင်ပြုလုပ်ပေးပါတယ်။