MBFW BERLIN 2016 – ONE DAY IN DETAIL

by Rothaariges (www.rothaariges.de)

"အရင်က Berlin မှာကျင်းပတဲ့ Fashion Week အစီအစဉ်မှာ မပါဝင်ခဲ့

ဘူးပါ။ ပွဲကျင်းပတဲ့အချိန်တိုင်း ကျွန်မစာမေးပွဲတွေနဲ့အမြဲတမ်းလိုလို 

တိုက်ဆိုင်နေတဲ့အတွက် တက္ကသိုလ်နောက်ဆုံးနှစ်ဝက်တိုင်အောင် 

ဘယ်စာမေးပွဲ ဘယ်သင်ခန်းစာကိုမှ အချိန်ရွှေ့ဆိုင်းလိုခြင်းမရှိတဲ့အ

တွက် ဒီ Fashion Week ကိုဘဲလက်လွှတ်ခဲ့ရပါတယ်။ အခုအခါ ကျွန်မ

ရဲ့ စာတမ်းရေးသားမှုအခြေအနေကိုလည်း ကောင်းစွာခန့်ခွဲနိုင်ပြီဖြစ်တဲ့

အတွက် ပထမဦးဆုံးအကြိမ်အဖြစ် Berlin Fashion Week ကို တက်

ရောက်နိုင်ဖို့ဖြစ်လာခဲ့ပါတယ်။ အင်္ဂါနေ့ကနေကြာသပတေးနေ့အထိ 

ဂျာမနီ၊ Berlin မြို့ရဲ့ Unter den Linden မှာရှိတဲ့ အိမ်ခန်းမှာ 

နေထိုင်ပါတယ်။  ကျွန်မရဲ့လည်ပတ်မှု (၃) ရက်တာအတွင်း ရှိသမျှ

အခမ်းအနားများ၊ ပွဲစဉ်များနဲ့ စားသောက်ဆိုင်များကို သွားရောက်ဖို့ စီစဉ် ထားပါတယ်။ အင်္ဂါနဲ့ ကြာသပတေးက ပျော်စရာကောင်းသလို ဗုဒ္ဓဟူး နေ့ကတော့ ကျွန်မအတွက် စိတ်အလှုပ်ရှားဆုံးနေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ လှပချောမောပြီးထက်မြက်တဲ့မိန်းမပျိုများနဲ့တွေ့ဆုံပြီး နှစ်သက်ပျော်ရွှင် စရာအချိန်လေးများ ရရှိခဲ့တဲ့အတွက် ဘ၀ရဲ့ အမှတ်တရကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။"

"ဂျာမနီရဲ့နာမည်ကျော် ဒီဇိုင်နာ (၄၀) ဦးအား ဖိတ်ကြားခဲ့ပြီး သူတို့ရဲ့ 

၂၀၁၆-၂၀၁၇ ဆောင်းဦးနဲ့ ဆောင်းရာသီဖက်ရှင်များဝတ်ဆင်ပြသခဲ့တဲ့ 

အသက်ရှူမှားလောက်အောင်လှပခမ်းနားတဲ့ Berliner Salon ကို ၀င် 

ရောက်ခွင့်ရခဲ့တဲ့အတွက် CATRICE ကို ကျေးဇူးတင်ပါတယ်။ လှပခမ်း နားတဲ့ဆက်တင်အပြင်အဆင်များနဲ့အတူ ဒီဇိုင်နာများက သူတို့ရဲ့ ဖက်ရှင်ဒီဇိုင်းများ၊ လက်ဝတ်ရတနာများနဲ့ အလှကုန်ပစ္စည်းများကို တစ်နေရာတည်း စုစုစည်းစည်းလေ့လာနိုင်တဲ့အပြင် တခြားဧည့်သည် တော်များနဲ့လည်း တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့ပါတယ်။ German Vogue နဲ့ Christiane Arp တို့မှ ကြီးမှူးကျင်းပတဲ့ ဒီပြပွဲမှာ Vogue Salon က လည်း တစိတ်တဒေသပါဝင်နေပါတယ်။ "

"ကျွန်မအတွက်တော့ ဒီလိုပြပွဲအခမ်းအနားမျိုးတက်ရောက်ခွင့်ရခဲ့တဲ့အ 

တွက်ရော ကျွန်မလေးစားအားကျရတဲ့ပုဂ္ဂိုလ်များနဲ့အနီးကပ်တွေ့ဆုံခွင့်

ဓာတ်ပုံများရိုက်ကူးခွင့်ရခဲ့တဲ့အတွက် CATRICE ကိုအထူးဘဲ ကျေးဇူး 

တင်ရှိပါတယ်။ ဒီ #catricelovesfashion ခေါင်းစဉ်အောက်မှာ အခု

ကျွန်မပြောပြခဲ့တဲ့အခမ်းအနားအစီအစဉ်ပြကွက်များကို ဓာတ်ပုံများ

ကြည့်ရှုလေ့လာနိုင်ပါတယ်။"

"CATRICE မှ ဖိတ်ကြားထားတဲ့ပွဲအစီအစဉ်များထဲကတစ်ခုအပါအ၀င်ဖြစ်

တဲ့၂၁း၀၀ အချိန် Hilton Hotel ရဲ့ မြေအောက်ထပ်မှာရှိတဲ့ Bricks ကလပ်မှာ ပရီမီယံပါတီပွဲသို့ တက်ရောက်ခဲ့ပါတယ်။ Moscow Mules နဲ့ Gin Tonics တို့ရောစပ်ထားတဲ့ယမကာလေးသောက်သုံးပြီး တညလုံး မိတ်ဆွေအပေါင်းအသင်းများနဲ့ ကခုန်ခဲ့ကြပါတယ်။ "