အလှအပအတွက်မရှိမဖြစ် CATRICE

by Hoard of Trends (hoardoftrends.com)

"ကြီးကျယ်ခမ်းနားတဲ့အ၀တ်အစားတွေ ရှာဖွေဝတ်ဆင်ဖို့ထက် တစ်နေ့

တာလုံးလန်းဆန်းတက်ကြွတဲ့အသွင်ဖန်တီးပေးနိုင်တဲ့ မိတ်ကပ်အပြင်

အဆင်က ပိုအရေးကြီးကြောင်းကို Paris Fashion Week က သက်သေ

ပြသွားခဲ့ပါတယ် .. ကျွန်မအနေနဲ့ Paris မှာရှိနေစဉ်ကာလတစ် လျှောက်လုံး အလှအပအတွက်မရှိမဖြစ် CATRICE အကြောင်းကို အဓိကမျှဝေသွားဖို့ဘဲ တွေးထားခဲ့ပါတယ် .."

"အပါးလွှာဆုံးနဲ့သဘာဝအကျဆုံးမိတ်ကပ်အပြင်အဆင်က ကျနော် 

အကြိုက်ဆုံးပါဘဲ .. ကျွန်မလက်ကိုင်ထားတဲ့ ""Less is more"" ဆိုတဲ့ 

ဆောင်ပုဒ်အတိုင်းဘဲ ကျွန်မသဘောအကျဆုံးမိတ်ကပ်အပြင်အဆင်

များကိုသာ Fashion Week အခမ်းအနားပွဲအတွက် ပြင်ဆင်ပေးခဲ့ပါ

တယ် .. ကျွန်မအနေနဲ့ နေ့စဉ်မိတ်ကပ်အပြင်အဆင်အတွက် CATRICE ထုတ်ကုန်များကို သုံးလေ့သုံးထသိပ်မရှိတာ အများစုအသိပါဘဲ .. ဒါပေမဲ့ ဒီတစ်ခါတော့ နေ့စဉ်သုံးအတွက် ကျွန်မစမ်းသပ်အသုံးပြုခဲ့ပြီး

အကြိုက်နှစ်သက်ဆုံးဖြစ်သွား တဲ့CATRICE ထုတ်ကုန်တချို့အကြောင်း

မိတ်ဆက်ပြောပြချင်ပါတယ် .."

"စိတ်ဖိစီးမှုများခဲ့ရတဲ့ Fashion Week ကျင်းပနေစဉ်ကာလအတွင်းမှာ 

ကျွန်မအသားအရေက အတော်လေးကိုအဆီပြန်ခဲ့ပါတယ် .. အဲ့ဒါ

ကြောင့်လည်း ကျွန်မသုံးနေကျဖောင်ဒေးရှင်းက အချိန်ကြာရှည်မခံခဲ့ပါ ဘူး .. ဒီလိုနဲ့ဘဲ မလိုအပ်တဲ့အဆီတွေကိုထိန်းပေးပြီး နာရီများစွာကြာ ရှည်ခံစေတဲ့ All Matt Plus Shine Control Make-up ကို စမ်းသပ်အသုံးပြုခဲ့ပြီး ကျွန်မအနေနဲ့ အပြည့်အ၀ထောက်ခံမှုပေးနိုင်တဲ့ မိတ်ကပ်ကောင်းလေးဖြစ်ကြောင်း သိလိုက်ရပါတယ်ရှင် .. အိပ်ရေးပျက်

တဲ့ဒဏ်တွေကြောင့် မျက်ကွင်းတွေကျပြီးညိုနေတာတွေနဲ့ မျက်နှာပေါ်

က တခြားအပြစ်အနာအဆာလေးတွေကို ဖုံးအုပ်ဖို့အတွက်လည်း Camouflage Cream Concealer လေးက တကယ့်ပစ္စည်း ကောင်းလေးပါဘဲ .. အဲ့ Concealer ထဲကမှ ကျွန်မကတော့ နံပတ် 010 လေး အသုံးပြုပါတယ်နော် .."

"Ultimate Colour Lipstick - 420 Plum Fiction လေးက

လည်း ကျွန်မအကြိုက်ဆုံးများထဲကတစ်ခုပါဘဲ … အရောင်ခြယ်မှုနှုန်း 

မြင့်မားပြီး အရမ်းနူးညံ့တဲ့ခရင်မ်သားနဲ့ ဒီနှုတ်ခမ်းနီလေးဟာ နှုတ်ခမ်း

သားကို လုံးဝခြောက်သွေ့သွားခြင်းမျိုးမဖြစ်စေဘဲ အစိုဓာတ်ပြည့်ဝတဲ့ 

နှုတ်ခမ်းသားအလှကို အချိန်ကြာမြင့်စွာ ပေးစွမ်းနိုင်ပါတယ် .. စကား မစပ် ကျွန်မကနှုတ်ခမ်းကို matt ဖြစ်တာလေးသဘောကျတော့ အဲ့နှုတ်ခမ်းနီလေးဆိုးပြီးတဲ့အခါ တစ်ရှူးလေးနဲ့ နှုတ်ခမ်းလေးကို တစ်ချက်တော့ ဖိကိုက်ပေးပါတယ် .. လန်းဆန်းလှပပြီး နီမြန်းတဲ့ ပါးမို့မို့လေးနှစ်ဘက်အတွက် ကျွန်မအသုံးပြုနေကျ နည်းလမ်းလေး ကတော့ နှုတ်ခမ်းနီပမာဏ အနည်းငယ်ကို ပါးမို့နှစ်ဘက်ပေါ်တင်ပြီး အသာအယာဖြေချပြီး လိမ်းခြယ်ပေးလိုက်တာပါဘဲ ..."

"မျက်ခုံးပြည့်ပြည့်ထင်းထင်းလေးက ကျက်သရေရှိရှိ ထင်းလင်းတိကျ 

ပြတ်သားတဲ့အလှအပကိုပေးစွမ်းတဲ့အတွက် မျက်ခုံးမွှေးဆွဲခြင်းက

လည်း ကျွန်မရဲ့နေ့စဉ်မိတ်ကပ်ပြင်ဆင်ခြယ်သမှုအတွက် အရမ်း

အရေးကြီးပါတယ် .. အဲ့တွက် တစ်ခုတည်းနဲ့ ပြီးပြည့်စုံတဲ့ မျက်ခုံးအလှ ကို ပေးစွမ်းနိုင်တဲ့ Eye Brow Stylist 040 ကိုဘဲ ကျွန်မအသုံးပြုရ တာ ကြိုက်နှစ်သက်ပါတယ် ..

ကျွန်မအနေနဲ့ နေ့စဉ်မိတ်ကပ်အပြင်အဆင်အတွက် လုံးဝသဘာဝကျကျမျက်တောင်အလှအပကို ပေးစွမ်းနိုင်တဲ့ မျက်တောင်ကော့ဆေးကိုသာ အသုံးပြုပါတယ် .. ဒါပေမဲ့ အခု Fashion Week လို အထူးအခမ်းအနားအမျိုးအတွက်တော့ ပိုပြီးထင်ရှားလှပတဲ့ မျက်တောင်အလှအပမျိုးနဲ့သာ သင့်တော်တဲ့အတွက်  မျက်တောင် လေးများကို ပိုမိုနက်မှောင် ရှည်လျားကော့ညွှတ်စေတဲ့ Better than False Lashes Mascara လေးကို အသုံးပြုပါတယ် .. ဒီမျက်တောင်ကော့ဆေးလေးက ကျွန်မရဲ့ မျက်တောင်လေးများကို ထူးထူးခြားခြား ထူထဲရှည်လျားလှပစေပါတယ် ... လှပတဲ့အကြည့် တစ်ချက်အတွက် လုံးဝအာမခံချက်ပေးနိုင်မယ့် အနားသတ်လိုင်းဖြည့် စွက်ပေးနိုင်ဖို့အတွက် Eyeliner Pen လေးကိုလည်း ထပ်ပေါင်း အသုံးပြုပါတယ် .."

မကြာသေးမီကမှ တွေ့ရှိထားတဲ့  High Glow Mineral Highlighting Powder ကို ကျွန်မရဲ့နေ့စဉ်မိတ်ကပ်ပြင်ဆင်မှုမှာ ထပ်ပေါင်းအသုံးပြုနေပါ တယ်။ တကယ်ဆိုကျွန်မကတလက်လက်တောက်ပနေတဲ့အသွင်အပြင်ကို သိပ်သဘောကျလှသူမဟုတ်ပါ။ ဒါပေမဲ့ဒီပေါင်ဒါလေးကတော့ မျက်နှာကို သဘာဝတိုင်းလင်းလက်လှပစေပါတယ်။